Wednesday, August 22, 2012


             
 ရှေ့ကကြည့်လဲ(တောင်တောင်) ၊နောက်ကကြည့်လဲ(တောင်တောင်)၊ 

ဘယ်လိုပဲကြည့်ကြည့်(တောင်)တယ့်သူရယ်----(မှတ်ချက်-တောင်-သည်

ဂီတ သံစဉ်ဖြစ်သည်)
       http://www.gahta.com/data/file/03_5/1023692049_W8dIgTYa_3b1ad4186230953.jpg                        http://www.gahta.com/data/file/03_5/1023692049_W8dIgTYa_3b1ad4186230953.jpg  


http://www.gahta.com/data/file/03_5/1023692049_TI8Z43RV_5a5f73192596626.jpg                                                                                            
http://www.gahta.com/data/file/03_5/1023692049_TI8Z43RV_5a5f73192596626.jpg

Friday, August 17, 2012

ကျိုင်းလပ်

ကျိုင်းလပ်မြို့နယ်ခွဲ ၀မ်နတ် အ.ထ.ကကျောင်းတွင် မူးယစ်အထူးအဖွဲ့မှ ရဲအုပ် မြင့်လွင်၊ ကျိုင်းလပ်ရဲစခန်း စခန်းမှူး ရဲအုပ် ခင်မောင်ဦး၊ ကျိုင်းလပ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်တင်မိုးမိုး နှင့် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်တင့်တို့မှ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲနေကြသော ကော်ဘူးရှူခြင်း နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းကို ဟောပြောပို့ချခဲ့ကြသည်။




မူးယစ်ဆေးဝါးပညာပေး ကော်ဘူးရှူခြင်းနှင့်ပတ်သက်၍ ဟောပြောပွဲပြုလုပ်ရာ အခမ်းအနားသို့ ၀မ်နတ် အ.ထ.ကကျောင်းမှ ကျောင်းသား ကျောင်းသူ ( ၁၅၀ )ဦး တို့အပြင် ဆရာ ဆရာမများ ကျေးရွာအတွင်းမှ အိမ်ဈေးဆိုင်ဖွင့်ရောင်းချသူ ( ၁၀ )ဦးတို့ တက်ရောက်ခဲ့ကြသည်။




ဟောပြောမှုများအပြီးတွင် ကျောင်းသား ကျောင်းသူများကို ၎င်းတို့မှ ဗဟုသုတမေးမြန်းပြီး စာအုပ်၊ ခဲတံ၊ ပေတံများက ဆုချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကော်ရှူခြင်းသည် ဦးဏှောက်နှင့် အာရုံကြောကို ခမ်းခြောက်စေပြီး နောက်ဆုံးတွင် အရူးပမာ ဖြစ်သွားစေတတ်သည်မှာ သာဓကများစွာရှိခဲ့ပါသည်။ လူငယ်များအနေဖြင့် အထူးရှောင်ကျဉ်စေလိုပါသည်။

Monday, August 13, 2012

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိရာ မြန်မာနိုင်ငံသားတစ်ဦးပါဝင်သည်ဟုဆို



ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိရာ မြန်မာနိုင်ငံသားတစ်ဦးပါဝင်သည်ဟုဆို

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နယ် မယ့်စလွေးရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်နံပါတ်များမတပ်ထားသော ဟွန်ဒါဆိုင်ကယ် အနက် အနီ ငွေရောင် (၃)စီးကို မောင်းနှင်လာသည့် လူ(၆)ဦးအား မသင်္ကာ၍ ထိုင်းရဲတပ်ဖွဲ့များမှ ရပ်တန့်စစ်ဆေးရာ ( ၆ )ဦးအနက် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်(၅)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည်။


ဖမ်းဆီးရမိသော တရားခံ(၅)ဦးထဲတွင် အသက်(၁၈)နှစ်အရွယ်ရှိ တရားခံတစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သိရှိရသည်။

အသက်(၃၂)နှစ်အရွယ် တရားခံ နှင့် မြန်မာနိုင်ငံသားဟု ပြောကြားထားသော အသက်(၁၈)နှစ်အရွယ် အားမူ တွင် စိတ်ကြွရူးသွပ်ဆေး(၄၀၀)ပြားကို ဖမ်းဆီးရမိပြီး တဆက်တည်းမှာပင် ကျန်(၃)ဦးတွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၄၀၀ )ပြားကို ထပ်မံဖမ်းဆီးရမိသည်။

တရားခံတို့၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများကို သုံးစွဲရန်အတွက် ထိုင်းနိုင်ငံသား ဆွမ်ဖစ်ထံမှ ၀ယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ တရားခံတို့၏ ထွက်ဆိုချက်အရ အသက်(၄၅)နှစ်အရွယ်ရှိသော ဆွမ်ဖစ်၏ နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာတွင် စိတ်ကြွရူးသွပ်ဆေးပြား (၆၀)၊ ဘိန်းဖြု(၁)ဂရမ်၊ ဘိန်းအစိမ်းမှုန့် (၆၀၄)ဂရမ်နှင့် ဘတ်ငွေ ( ၃၀၀၂၀ )တို့ကို သိမ်းဆည်းရမိခဲ့ကြပြီး တရားခံအားလုံးအား မယ်ဆိုင်မြို့ရှိ ရဲတပ်ဖွဲ့ထံသို့ ပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။