ကျိုင်းလပ်မြို့နယ်ခွဲ ၀မ်နတ် အ.ထ.ကကျောင်းတွင် မူးယစ်အထူးအဖွဲ့မှ ရဲအုပ်
မြင့်လွင်၊ ကျိုင်းလပ်ရဲစခန်း စခန်းမှူး ရဲအုပ် ခင်မောင်ဦး၊
ကျိုင်းလပ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်တင်မိုးမိုး နှင့်
ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်တင့်တို့မှ မူးယစ်ဆေးဝါးအဖြစ်
သုံးစွဲနေကြသော ကော်ဘူးရှူခြင်း နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့်
ဆိုးကျိုးများအကြောင်းကို ဟောပြောပို့ချခဲ့ကြသည်။


မူးယစ်ဆေးဝါးပညာပေး
ကော်ဘူးရှူခြင်းနှင့်ပတ်သက်၍ ဟောပြောပွဲပြုလုပ်ရာ အခမ်းအနားသို့ ၀မ်နတ်
အ.ထ.ကကျောင်းမှ ကျောင်းသား ကျောင်းသူ ( ၁၅၀ )ဦး တို့အပြင် ဆရာ ဆရာမများ
ကျေးရွာအတွင်းမှ အိမ်ဈေးဆိုင်ဖွင့်ရောင်းချသူ ( ၁၀ )ဦးတို့
တက်ရောက်ခဲ့ကြသည်။





ဟောပြောမှုများအပြီးတွင်
ကျောင်းသား ကျောင်းသူများကို ၎င်းတို့မှ ဗဟုသုတမေးမြန်းပြီး စာအုပ်၊ ခဲတံ၊
ပေတံများက ဆုချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကော်ရှူခြင်းသည်
ဦးဏှောက်နှင့် အာရုံကြောကို ခမ်းခြောက်စေပြီး နောက်ဆုံးတွင် အရူးပမာ
ဖြစ်သွားစေတတ်သည်မှာ သာဓကများစွာရှိခဲ့ပါသည်။ လူငယ်များအနေဖြင့်
အထူးရှောင်ကျဉ်စေလိုပါသည်။